ကျုပ်နဲ့ မုဆိုးမ ခင်လှ
ကျုပ် နဲ့ မုဆိုးမ ခင်လှ ဘုန်းကြီးဘဝ နဲ့ ကျုပ် စိတ်တော်တော် ပြန်ငြိမ်သွားတယ်။ မအေးတော့ ဘယ်လိုနေမလဲ မသိ။ သူလဲ ခုလောက်ဆို စိတ်ပြန်ငြိမ်ရောပေါ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မစားကောင်းတဲ့ အသီး မစားတာဘဲ ကောင်းပါတယ်လေ ဆိုပြီ ကျုပ်ကို ကျုပ် စိတ်ဖြေလိုက်တယ်၊ လွယ်တော့ မလွယ်ဘူးပေါ့၊ မတတ်နိုင်ဘူး။ ခု ဘုန်းကြီး လူထွက်ပြီး သန်းမြ နဲ့ ပြန်နေတော့ အရင် အတိုင်းပါဘဲ၊ သန်းမြလဲ ကျုပ်နား ကပ်ကို မကပ်တော့၊ ည အိပ်ချိန်တောင် တယောက်နဲ့ တယောက် ခပ်ခွာခွာ။ ကြည့်ရတာ သန်းမြ ဒီကိစ္စ အရင်လို စိတ်ဝင်စားပုံ မရတော့သလိုဘဲ၊ ကျုပ်ကလဲ နေသားနဲနဲကျနေပြီဆိုတော့ အရင်ကလိုတောင်းမနေတော့၊ ဒီတော့ သန်းမြနဲ့ ကျုပ်လဲ လင်မယား ဆိုပေမဲ့ လင်မယား အရာမမြောက်တောင် အတော်ကြာပေါ့။ ကျုပ် ဘုန်းကြီး လူထွက်ရတာလဲ လယ်လုပ်ငန်း ပြန်စချိန်ရောက်လို့ ဆိုရမယ်။ ဒီတော့ ကျုပ်လဲ လယ်ထဲ နေ့တိုင်းသွား၊ ထုံးစံအတိုင်း လုပ်စရာ ရှိတာ ကြိုလုပ်ပေါ့။ ကောက်စိုက်ချိန်တော့ မကျသေးပါဘူး။ ခုမှ လယ်ကွင်း ရေတင်ခါစ၊ တချို့ကွင်းတွေဆို ရေတောင် မတင်သေးဘူး။ ဒီတော့ ကျုပ်လဲ တနွေလုံးပြစ်ထားတဲ့ ကျုပ်တဲလေး ပြင်သင့်တာပြင် ကန်သင်းရိုးလေး ဖို့တန်ဖို့ ပေါ့၊ လယ်ထဲဘဲ တနေ့နေ့ အချိန်သွားဖြ